Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ပြည်ထောင်စုငြိမ်းချမ်းရေး ဆန္ဒဖော်ထုတ်ပွဲပြီးဆုံး”

$
0
0
26.11.2014 ရက်နေ့ မနက် 8:00 မှာ ၃၆×၆၂ လမ်းမှ စတင်ချီတက်ကြပါတယ်။
၆၂ လမ်းအတိုင်း တောင်ဘက်ချီတက်လာရာ ၄၀×၆၂ လမ်းရော မနော်ရမံဥယျာဉ်မှာ စုဝေးကြပါတယ်။
အစီစဉ် ၁၅ ရပ်နှင့် အခမ်းအနားကျင်းပပါတယ်။
အစီစဉ် ၆ သဝဏ်လွှာများ ဖတ်ကြားအပြီး အစီစဉ်(၇)မှာ စာရေးသူ မိန့်ခွန်းပြောပါတယ်။
(က) နှစ်ဖက်အပစ်အခတ် ချက်ချင်းရပ်
(ခ) နှစ်ဖက်တင်းမာမှု အခုလျှော့
(ဂ) ပြည်သူ့မျက်နှာ ကြည့်ကြပါ။
ပြည်ထောင်စု စိတ်ဓာတ် မွေးကြပါ။
ငြိမ်းချမ်းရေး အမြန်တည်ဆောက်ပါ။
ပိုစတာ သုံးခုအတိုင်း ဟောခဲ့ပါတယ်။
မေတ္တာနှင့် သစ္စာသည်သာ ငြိမ်းချမ်းကြောင်း အစစ်ဖြစ်သည်ကို မဃဒေဝ အတိုင်း ဟောခဲ့ပါတယ်။
ပြည်သူ့ရင်ထဲက မေတ္တာနှင့် သစ္စာတရားတွေကို နှစ်ဖက်ခေါင်းဆောင်တွေထံ အရောက်ပို့ပေးကြဖို့ တိုက်တွန်းခဲ့ ပါတယ်။
နိုင်ငံတော်အလံကို အကြမ်းမဖက်ကြဖို့ တပ်ချုပ်နှင့် သမ္မတကိုသာ ဆန္ဒပြကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ခဲ့ ပါတယ်။

မိန့်ခွန်းအပြည့်အစုံ တင်ပေးနိုင်ဖို့ စီစဉ်နေပါတယ်။ သတင်းအတု ဖန်တီးပြီး မုသာဝါဒအကြမ်းဖက်တတ်တဲ့ ပိသုဏီမီဒီယာတွေရဲ့ အန္တရာယ်ကို ကာကွယ်ထားချင်လို့ပဲ ဖြစ်ပါတယ်။
မဋိဃာတ်ကြူး ဒေါသရှူး၍
ဆူးဆူးရားရား မြွေဟောက်လားသို့
မပွားအမျက် ပြည်ထောင်ဘက်နှင့်
စစ်မက်လိုလား ရန်ခိုက်များလျှက်
သောက်စားပျော်ရေး ပြည်ပျက်ဆေးကို
ရင်သွေးရတနာ မပြုရာတည့်
မေတ္တာနှလုံး သစ္စာသုံး၍
ချစ်ထုံးမပြေ ရစ်စေနှင့်။ (မဃဒေဝ။ ၂၀၂။)
မေတ္တာမဆက် သစ္စာပျက်က
စစ်မက်လည်းပွား ပြည်ခြောက်ခြား၍
တိုင်းကားမသာ ပြည်ကြီးနာလိမ့်
မေတ္တာသစ္စာ ဤနှစ်ဖြာကို
သေချာပိုင်းခြား ဝမ်းဝယ်ထားရှင့်။

(မဃဒေဝ။ ၂၀၀။)








Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...