21.11.2014 ည 7:00 မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ဝင်းခြံရွာ၊ အလှူ့ဒါယကာ ဦးစိန်မြ၊ အလှူ့ဒါယိကာမ ဒေါ်ခင်စိန်တို့၏ ရဟန်းခံရှင်ပြုနားသ အလှူတော်မင်္ဂလာအောင်ပွဲ ဓမ္မသဘင်မှာ ဟောကြားသည်။
မန္တလေးဟုမထင်ရလောက်အောင် ခေါင်သည့်နေရာ၊ ဆင်ခြေဖုံးရပ်ကွက်ထက်ပင် တောကျ၍ နုံချာသော ဆင်းရဲသားပြည်သူတို့နေထိုင်ရာ လမ်းတစ်လျှောက် ရှိခိုးဦးချ ကြိုဆိုကြသူများကိုကြည့်၍ နဂါးနီစုဘူးအသင်း တည်ထောင်ပေးချင်စိတ်ပင် ပေါ်ပေါက်လာခဲ့ပေသည်။
ဆင်းရဲသားပြည်သူများက အမျိုးစောင့်ဥပဒေ တရားဟောကြားဖို့ လျှောက်ထားကြ၍ အမျိုးသားရေးတရား မဟောဖြစ်တော့ပေ။
အမျိုးစောင့်ဥပဒေ၌ ပါဝင်သော ဥပဒေလေးရပ်တွင် လူဦးရေ ထိန်းညှိခြင်း ဥပဒေပါဝင်ပေသည်။ အိမ်ရှင်များက ကလေးငါးယောက်သာ ယူလျှင် ဧည့်သည်များကလည်း လေးငါးယောက်သာ ယူရပေမည်။ အိမ်ရှင်နှင့် ဧည့်သည်သည် တန်းတူအခွင့်အရေးပေးထားပါသည်။
ဧည့်သည်ကို ဖိနှိပ်ချုပ်ချယ်ခြင်းမျိုးမဟုတ်ပါ။ ဧည့်သည်က အိမ်ရှင်ထက် အခွင့်အရေးပိုယူနေခြင်းသည် အမျိုးသားလုံခြုံရေးကို ထိခိုက်စေနိုင်ပါသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အလယ်သံကျော်ရွာ၌၊ ကုလားကြီးတစ်ယောက်တည်းက အဖြွးကြီးလေးယောက်နှင့် ကလေး ၂၈ ယောက် မွေးကာ မြေးများနှင့်ဆိုလျှင် တစ်မိသားစုတည်းမှာ လူဦးရေ (၈၂)ယောက် နေထိုင်ကြပါသည်။
များများယူ များများမွေးစနစ်ဖြင့် လူဦးရေထူထောင်ကာ ရခိုင်ပြည်ကို သိမ်းပိုက်နေခြင်းဖြစ်ပါသည်။ ထို့ကြောင့် ရခိုင်များ ဂျီဟဒ်အလုပ်ခံရခြင်းဖြစ်ပါသည်။
ဂျီဟဒ်ရန်ကို ကာကွယ်ဖို့အတွက် လူဦးရေထိန်းညှိဖို့လိုပါသည်။
“သာကီနွယ်ဝင်းပီသစေ အမျိုးစောင့်ဥပဒေတရားတော်”
ဓားပြဘေးမှကင်းဝေးစေ အမျိုးစောင့်ဥပဒေ။
မာယာဘေးမှကင်းဝေးစေ အမျိုးစောင့်ဥပဒေ။
မုဆိုးဘေးမှကင်းဝေးစေ အမျိုးစောင့်ဥပဒေ။
ကိုယ်ယုံကြည်ရာကိုးကွယ်စေ အမျိုးစောင့်ဥပဒေ။
ကြိတ်ငိုမျက်ရည်ခမ်းခြောက်စေ အမျိုးစောင့်ဥပဒေ။
မယားပြိုင်ဒုက္ခကင်းကြစေ အမျိုးစောင့်ဥပဒေ။
အိမ်ထောင့်သစ္စာခိုင်မြဲစေ အမျိုးစောင့်ဥပဒေ။
အကြမ်းဖက်ဘေးမှဝေးကြစေ အမျိုးစောင့်ဥပဒေ။
အချုပ်အခြာအာဏာတည်မြဲစေ အမျိုးစောင့်ဥပဒေ။
ဒီမိုကရေစီကိုမထိခိုက်ပေ အမျိုးစောင့်ဥပဒေ။
လူ့အခွင့်အရေးနှင့်မဆန့်ကျင်ပေ အမျိုးစောင့်ဥပဒေ။
တရားဥပဒေစိုးမိုးရေးနှင့်ညီညွတ်ပေ အမျိုးစောင့်ဥပဒေ။
တည်ငြိမ်အေးချမ်းရေးကိုထောက်ပံ့ပေ အမျိုးစောင့်ဥပဒေ။
ငြိမ်းချမ်းရေးကိုရှေးရှုပေ အမျိုးစောင့်ဥပဒေ။
မရှိမဖြစ်လိုအပ်ပေ အမျိုးစောင့်ဥပဒေ။
မဖြစ်မနေဖော်ဆောင်စေ အမျိုးစောင့်ဥပဒေ။