Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဝီရသူ သဘောထား(၃/၇၆)”

$
0
0



သာသနာတော်နှစ်-၂၅၅၈ ခု
ကောဇာသက္ကရာဇ်-၁၃၇၆ ခု တန်ဆောင်မုန်းလ္ဆုတ်(၁၅)ရက်။
ခရဇ်နှစ် ၂၀၁၄ နိုဝင်ဘာလ ၂၁ ရက် သောကြာနေ့
NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အဖွဲ့ဝင် စာရေးဆရာ ထင်လင်းဦးကို အကြောင်းပြု၍ NLD ပါတီ ဗဟိုဌာနချုပ်၏ 18.11.2014 ရက်စွဲပါ ကြေညာချက်အမှတ် ၁၂/၁၁/၂၀၁၄ နှင့်ပတ်သက်၍ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဝံသာနုဓမ္မကထိက၊ အမျိုးသားရေး ဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ၏ သဘောထားကို ထုတ်ပြန်ကြေညာအပ်ပါသည်။
ပွဲစီစဉ်သူသည် ချောင်းဦးမြို့နယ် NLD ပါတီ၊ အလုပ်အမှုဆောင် ဥက္ကဋ္ဌဖြစ်နေခြင်း၊ ဟောပြောသူသည် NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်နေခြင်း၊ NLD ပါတီ၏ အလံတော်အောက်မှာ ဟောပြောခြင်း ဖြစ်ပါလျက် တာဝန်ယူမှု တာဝန်ခံဖြေရှင်းမှု မရှိသည့်အပြင် တာဝန်ကိုရှောင်လွှဲသည့်အနေဖြင့် မသက်ဆိုင် ကြောင်း ထုတ်ပြန်ခြင်းသည် လူမိုက်အားပေးလုပ်ရာကျပေသည်။
သားသမီးမကောင်း မိဘခေါင်းဟူသည်နှင့်အညီ ပါတီဝင်အရေးအရာ ကိစ္စများကို ပါတီက တာဝန်ယူ ဖြေရှင်းပေးရမည့် တာဝန်ရှိပေသည်။
NLD ပါတီသည် အမျိုးသားအရေး၊ ဘာသာ သာသနာအရေးများတွင် ထိုသို့ပင် အမြဲတန်း ခေါင်းရှောင်လေ့ ရှိသည်ကိုတွေ့ရှိရပါသည်။
ထို့ကြောင့် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးစသော နိုင်ငံရေးကိစ္စများ၌ အသုံးဝင်ကောင်း ဝင်မည်ဖြစ်သော်လည်း အမျိုး ဘာသာ သာသနာ အရေး၌ အားကိုးမရသော၊ အားမကိုးထိုက်သော၊ အားမကိုးသင့်သော ပါတီကြီးတစ်ခုဖြစ်ကြောင်း အတိအလင်း သတ်မှတ်ကြေညာလိုက်သည်။
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(ဝီရသူ)
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်၊
မဟာအောင်မြေမြို့နယ်၊
မန္တလေး။
21.11.2014 PM 10:17

Viewing all articles
Browse latest Browse all 2129

Trending Articles