Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ရင်တွင်းအသံအစစ်လား အမှိုက်ကစ ပြာသာဒ်ကြီးမီးမလောင်ဖို့”

$
0
0


အောင်ဇေယျတုဂျာနယ် အမှတ်(၄၄)ကို အရေးယူပေးဖို့ တိုင်ကြားမှုတွေလုပ်ပြီး ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရတယ်ဆိုတာကို အားလုံးသိပြီးဖြစ်ပါတယ်။ အဲဒီလို ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ပြီးချိန်မှာတောင် ဘာသာခြားတွေက ဆက်တိုက်ဆိုသလို ဆရာမောင်သွေးချွန်နဲ့ ပတ်သက် ဆက်စပ်တဲ့ ဂျာနယ်တွေကို ဖိအားပေးမှုတွေ ပြုလုပ်နေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါဟာ ဘာသာခြားတွေဘက်က သူတို့ဘာသာအပေါ် အလေးထားမြတ်နိုးမှုလို့ ဆိုလို့ရနိုင်ကောင်းပေမယ့် ဗုဒ္ဓဘာသာအပေါ် စော်ကားရေးသားမှုတွေကိုလည်း တွေ့နေရတာကြောင့် သူတို့ရဲ့ အလေးထားမှုဟာ အထိမခံလိုစိတ် ကဲလွန်းနေတယ်လို့ သုံးသပ်မှုတွေ ရှိနေပြန်ပါတယ်။
NLD ပါတီရဲ့ ပြန်ကြားရေးတာဝန်ခံ ထင်လင်းဦးရဲ့ ဟောပြောချက်တွေဟာ ဗုဒ္ဓဘာသာအပေါ် အလွန်အကျူး စော်ကားပြောဆိုမှုတွေ ရှိနေတာကြောင့် ဗုဒ္ဓဘာသာဝင် ပြည်သူအများ မခံမရပ်နိုင်ဖြစ်နေကြပါတယ်။ အဲဒီ ထင်လင်းဦးလိုပဲ Myanmar Muslim Media ဆိုတဲ့ လူမှုကွန်ရက် စာမျက်နှာမှာလည်းပဲ “အမေရိကန် လုံခြုံရေးယန္တရားက တိမ်သလ္လာတွေဖုံးနေတဲ့ ဗုဒ္ဓဘာသာအကြမ်းဖက်မှု” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ဟာ ဗုဒ္ဓဘာသာ အပေါ် အလွန်အကျူး စော်ကားရေးသားမှုတွေ ပါဝင်နေတာကို တွေ့ရပါတယ်။
Myanmar Muslim Media ဆိုတဲ့အမည်ရဲ့ လူမှုကွန်ရက်စာမျက်နှာကို ဘယ်သူတွေချုပ်ကိုင်နေသလဲ။ မြန်မာမွတ်စ်လမ်တို့ရဲ့ စစ်မှန်တဲ့ ရင်တွင်းသအသံလို့ ရေးသားထားရခြင်းကရော တကယ်ပဲ မြန်မာမွတ်စလင်များကို ကိုယ်စားပြုနေသလား။ ဒီစာမျက်နှာကို Like လုပ်ထားတဲ့ လူဦးရေဟာ ၃၆,၀၀၀ ကျော်ရှိနေတာမို့ ဒီစာမျက်နှာရဲ့ ပျံ့နှံ့မှုအားကို လျှော့တွက်လို့မရနိုင်ဘူး။ လူမှုကွန်ရက် စာမျက်နှာတွေကို ဥပဒေကြောင်းအရ ဆောင်ရွက်နိုင်ခြင်းမရှိသေးပေမယ့် တာဝန်သိ မြန်မာအစ္စလာမ်တွေအနေနဲ့လည်း တားမြစ်တာတွေ ကန့်ကွက်ရှုတ်ချတာတွေ ပြုလုပ်ကြဖို့လည်းလိုပါလိမ့်မယ်။
ဘာကြောင့် ဒီစကားတွေ ပြောနေရသလဲဆိုရင် အမေရိကန်လုံခြုံရေး ယန္တရားက တိမ်သလ္လာတွေဖုံးနေတဲ့ ဗုဒ္ဓဘာသာ အကြမ်းဖက်မှု ဆိုတဲ့ ဘာသာပြန်ဆောင်းပါးမှာ ဆရာတော်ဦးဝီရသူနဲ့ ဗုဒ္ဓဘာသာကို စော်ကားထားတဲ့ အရေးအသားတွေ အများကြီးပါဝင်နေလို့ပါပဲ။
“၉၆၉ ခေါင်းဆောင် ရာဇဝတ်ဗုဒ္ဓဘာသာဘုန်းကြီး ဝီရသူ” ဆိုတဲ့ အသုံးအနှုန်းကို ဆောင်းပါးအဖွင့်မှာပဲ ရေးသားထားပြီး အမေရိကန်က အရှင်ဝီရသူကို ဘာကြောင့် အကြမ်းဖက်သမားအဖြစ် မသတ်မှတ်သေးသ လဲဆိုတဲ့ မေးခွန်းကိုလည်း မေးထားပါသေးတယ်။ ဆရာတော်ဦးဝီရသူရဲ့ သံဃာ့ဂုဏ်တော်ဟာ တိုင်းသိ ပြည်သိ ကမ္ဘာသိဖြစ်ပြီး ဆရာတော်ရဲ့ ရည်ရွယ်ရာဟာလည်း ငြိမ်းချမ်းရေးသာဖြစ်ကြောင်းကို အားလုံး ရှင်းရှင်းလင်းလင်း သိထားပြီးဖြစ်တဲ့အတွက် အထူးရှင်းဖို့ မလိုအပ်တော့ပါဘူး။
“ဘာသာရေးအကြမ်းဖက်မှု ပြစ်ဒဏ်နဲ့ ထောင်ဒဏ်ခုနစ်နှစ် ကျခံထားရတဲ့ ဝီရသူ” ဆိုတဲ့ အရေးအသား ကလည်း မဟုတ်မမှန် လုပ်ကြံနှိမ့်ချစော်ကားထားတဲ့ အရေးအသားပါ။ ဆရာတော် ဘာကြောင့် ထောင်ကျခဲ့ ရသလဲဆိုတာကိုပြောရင် အကျယ်အကျယ် မငြိမ်းဖွယ်တွေ ဖြစ်နေမှာစိုးလို့ မပြောတော့ပါဘူး။
“မွတ်စလင်ဆန့်ကျင်ရေး အစွန်းရောက်အကြမ်းဖက်မှုတွေ ဆုပေးတဲ့နေရာမှာတော့ ဝီရသူရဲ့ ပါးစပ်ဟာ မုန်းတီးရေးဝါဒဖြန့်မှုတွေကို စွန့်ထုတ်တဲ့ မိလ္လာပိုက်တစ်ခုလိုပါပဲ” လို့ လည်း ရေးသားထားတာတွေ့ရပါတယ်။
ဒါဟာ သူတို့လိုပြောရင်တော့ ဘာသာရေးစော်ကားမှုပါပဲ။ စိတ်နာကျည်းစေမှုပါပဲ။ ဗုဒ္ဓရဲ့သားတော်တစ်ပါး၊ သံဃာထုရဲ့ ပုရိပ်တစ်ခုကို မဟုတ်မမှန် စွပ်စွဲပုတ်ခတ်ရေးသားမှု၊ တရားဥပဒေစိုးမိုးမှုနဲ့ အေးချမ်းသာယာရေး ထိခိုက်စေနိုင်တဲ့ အရေးအသားတွေပဲ မဟုတ်ဘူးလား။ ဒါပေမယ့် သူတို့ဟာ အွန်လိုင်းပေါ်မှာသာ ရေးသားနေတဲ့အတွက် တည်ဆဲဥပဒေအရ အရေးယူတားမြစ်ပေးဖို့ ကျွန်တော်တို့ဘက်က တိုင်ကြား တောင်းဆိုလို့ မရနိုင်ပါဘူး။
Myanmar Muslim Media ဆိုတာဟာ တာဝန်ခံမယ့်သူမရှိ၊ တာဝန်ယူမဲ့သူမရှိဘဲ တင်ချင်ရာကို တင်ဆက်နေတဲ့ စာမျက်နှာတစ်ခုမဟုတ်ဘူးဆိုတာ သူတို့ တင်ဆက်ထားတဲ့ ဆောင်းပါးတွေ၊ သတင်းတွေ၊ နောက် ရုပ်သံအင်တာဗျူးတွေကိုကြည့်ရင် သိနိုင်ပါတယ်။ အဲဒီ ရုပ်သံအင်တာဗျူးတွေမှာ ပါဝင်ဖြေကြားခဲ့တဲ့ သူတွေကလည်း မွတ်ဆလင်အသိုင်းအဝိုင်းထဲက ထင်ရှားတဲ့ပုဂ္ဂိုလ်တွေပါ။ သူတို့ကို မေးကြည့်ရင်ကိုပဲ Myanmar Muslim Media ကို ဘယ်သူတွေ လုပ်နေတယ်ဆိုတာ သိနိုင်တာပါပဲ။ သူတို့ကရော ဒီလိုတွေ လုပ်နေတာကို မတားမြစ်ကြဘူးလား။
ဘာသာပြန်တဲ့ စာမူတစ်ခုပဲဖြစ်စေဦးတော့ ဒီလောက် ထိလွယ်ရှလွယ်တဲ့ အရေးအသားတွေ၊ အောက်တန်းကျပြီး တစ်ဖက်သားကို စော်ကားမှုတွေ တထွေးကြီးပါဝင်နေတဲ့ အရေးသားတွေကို ဘာကြောင့် ဖော်ပြရပါသလဲ။ ဒီမေးခွန်းကို အစ္စလာမ်အသိုင်းအဝိုင်းက တာဝန်ရှိသူတွေ ဖြေကြားဖို့ လိုပါလိမ့်မယ်။
ဒါအပြင် ဒီဆောင်းပါးမှာ ဆရာတော်ဦးဝီရသူကို “အကြမ်းဖက်ဘုန်းကြီး” လို့ သုံးနှုန်းဖော်ပြတာတွေ ပါရှိသလို “လူမျိုးရေး အကြမ်းဖက်မှုတွေကို ၁၀၀ ရာခိုင်နှုန်း အပြည့်အဝထောက်ခံပေးနေတဲ့ မြန်မာအစိုးရကိုလည်း မျက်ကွယ်ပြုမထားသင့်ဘူး” ရေးသားထားတဲ့ အရေးအသားတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။
Is Us security apparatus blind to Buddhist terrorism? ဆိုတဲ့ အမည်နဲ့ Press TV အင်တာနက် စာမျက်နှာမှာ ဖော်ပြထားတာဖြစ်ပြီး ရေးသားကသူကတော့ Barry Grossman ပါ။
သူတို့ပြောခဲ့သလိုပဲ ကျွန်တော်ထပ်ပြောပါဦးမယ်။ လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့် သော်လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက် တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ အမျိုးမျိုးပေါ်လာစေရန် ရည်ရွယ်သော(သို့မဟုတ်)ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်တယ်လို့ သူတို့ပြောခဲ့သလို ကမန်တော်တို့က ပြောခဲ့ရင်ကော သူတို့ ဘာပြန်ပြောကြဦးမလဲ။
မန္တလေးရွှေမြို့တော်ကြီးဆီက သတင်းစာရှင်းလင်းပွဲတွေလုပ်၊ လိုအပ်ရင် တိုင်ကြားမှုတွေပါလုပ်နေကြတဲ့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအသင်းကြီးက လူကြီးမင်းတွေရော ဒီစကားလုံးတွေကို ဘယ်လိုမြင် သလဲလို့ ဒီနေရာကနေ မေးခွန်းထုတ်ချင်ပါတယ်။ အထူးသဖြင့် ကိုယ့်ဗုဒ္ဓဘာသာကို စော်ကားရေးသားမှုတွေ ပါဝင်နေတဲ့၊ ဆရာတော်ဦးဝီရသူကို စော်ကားတဲ့အရေးအသားတွေပါဝင်နေတဲ့ ဒီ Myanmar Muslim Media ကိုရော ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေဖြစ်တဲ့ ဂဠုန်နီဆရာတော်တို့ ဆရာတော်ဦးဝိသုတတို့ အနေနဲ့ လက်ပိုက်ကြည့်နေနိုင်ရက်သလားဆိုတာကိုလည်း မေးခွန်းထုတ်ချင်ပါသေးတယ်။ ဆရာတော်နှစ်ပါးကို မေးခွန်းထုတ်ရချင်းကတော့ အောင်ဇေယျတုဂျာနယ်အမှတ် ၄၄ မှာပါဝင်တဲ့ အရေးအသားတွေကို ရှုတ်ချမှု ပြုလုပ်တာ၊ တိုင်ကြားမှုပြုလုပ်တာ….စတဲ့ ကိစ္စရပ်တွေမှာ ပါဝင်နေတဲ့ အတွက်ပါ။
မြန်မာစာနယ်ဇင်းကောင်စီ(ယာယီ)က တာဝန်ရှိသူများနဲ့ တွေ့ဆုံခဲ့စဉ်ကလည်း ဒီ လူမှုကွန်ရက် စာမျက်နှာနဲ့ ပတ်သက်လို့ မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် တရားဝင်ပြဋ္ဌာန်းထားတဲ့ နည်းဥပဒေများ မရှိသေးတဲ့အတွက် အရေးယူဖို့ ခက်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Main Stream တစ်ခုက ရေးသားထားတယ်ဆိုရင်တော့ အရေးယူလို့ ရနိုင်တယ်လို့ ဆိုပါတယ်။ ဆိုတော့ Myanmar Muslim Media ဟာ မြန်မာမွတ်ဆလင်တွေရဲ့ Main Strean တစ်ခုလား။
မဟုတ်ခဲ့ဘူးဆိုရင်လည်း ဒီစာမျက်နှာနဲ့ သက်ဆိုင်မှုမရှိကြောင်းကို ထုတ်ပြန်ကြေညာတာတွေနဲ့ ဒီစာမျက်နှာမှာ ပါဝင်တဲ့ ထိလွယ်ရှလွယ် အကဲဆတ်တဲ့အရေးအသားတွေကို ရှုတ်ချကြောင်း သဘောထားတွေ ထုတ်ပြန်ဖို့ လိုပါလိမ့်မယ်။
ဒီ စာမျက်နှာလေးဟာ တရားဝင် မီဒီယာအဖြစ် ရပ်တည်နေတာ မဟုတ်ဘူးဆိုပြီး ပေါ့ပေါ့လေးသဘောထားလို့ မရနိုင်ပါဘူး။ အခွင့်အရေးရရင် ရသလို ဗုဒ္ဓဘာသာနဲ့ ဆရာတော် သံဃာတော်တွေကို စော်ကား ပြောဆိုမှု တွေများလာရင် စိုးရိမ်စရာ အခြေအနေတွေကို ကျွန်တော်တို့တွေ ကြုံဆုံရနိုင်ပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးလို့ ကိုယ့်ဘက်က ကြွေးကြော်နေရင်တော့ သီတဂူဆရာတော်ဘုရားကြီး ဟောကြားဆုံးမတော်မူခဲ့တဲ့ ဧည့်သည်က ဧည့်သည်လိုနေဖို့ လိုပါလိမ့်မယ်။
Myanmar Muslim Media ဟာ ယခု ဖော်ပြထားတဲ့ ဆောင်းပါးတစ်ခုတည်းတင်မဟုတ်ဘဲ OIC၊ သီရိလင်္ကာနဲ့ အမျိုးသားရေး အစွန်းရောက်ဝါဒ ဆိုတဲ့ စောလှဖြူရေးတဲ့ ဆောင်းပါးလည်းပဲ အကဲဆတ်တဲ့ အရေးအသား အများကြီးပါဝင်တဲ့ဆောင်းပါးကို ဖော်ပြထားတာ ဖြစ်ပါတယ်။
ထင်သာတဲ့ ဥပမာကို ထုတ်ပြရမယ်ဆိုရင် “အမျိုးဘာသာ သာသနာကို ဗန်းပြ၊ လုယက်၊ တိုက်ခိုက်၊ မီးရှို့၊ အကြမ်းဖက်သတ်ဖြတ်နေသူတွေရဲ့ မျိုးစောင့်ဥပဒေကို လွှတ်တော်ထဲထိ ယူဆောင်လာ” ဆိုတဲ့ အရေးအသားမျိုးတွေပါ။
ပြောရရင်တော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာများဘက်ကလည်း သူတို့ နာတတ်သလို နာတတ်ဖို့ လိုပါတယ်။ သူတို့ စည်းကို သူတို့လုံအောင်ကာသလို ကျွန်တော်တို့ စည်းကိုလည်း ကျွန်တော်တို့ လုံအောင်ကာဖို့ လိုပါတယ်။ သူတို့က စကားလုံးလေး တစ်လုံး၊ တစ်ပါဒ၊ တစ်ဝါကျတောင် အထိအခိုက်မခံဘဲ စောင့်ကြည့်တယ်၊ တိုင်ကြားတယ်၊ အရေးယူပေးဖို့ တောင်းဆိုတယ်။ ဒါပေမယ့် အဲဒီလို တောင်းဆိုကြသူတွေကိုယ်တိုင်ကတော့ သူတို့ဘက်က လွန်ကျူးနေတဲ့ အရေးအသားတွေ၊ စကားလုံးတွေကိုကျတော့ Social Media ဆိုတဲ့ ခေါင်းစဉ်အောက်ထဲပို့ပြီး မေ့ချင်ယောင်ဆောင်နေကြပါတယ်။
အမျိုးဘာသာ သာသနာအရေး အားကောင်းလာတာနဲ့အမျှ အဖျက်အင်အားစုတွေကလည်းပဲ သူတို့ရဲ့ လုပ်ငန်းတွေကို ရသမျှ နည်းပေါင်းစုံနဲ့ တိုးချဲ့ကြမှာပါပဲ။ ဒါကို ကျွန်တော်တို့ အထူးသတိချပ်ဖို့ လိုသလို သက်ဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များကလည်း ထိန်းကျောင်း သွန်သင်ကြဖို့ အထူးအရေးကြီးလှပါကြောင်း။
အမျိုး ဘာသာ သာသနာ
ကမ္ဘာတည်သရွေ့ တည်ပါစေ။
ကိုမင်းဟန်

Viewing all articles
Browse latest Browse all 2129

Trending Articles