Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အိုင်းအမာ ထိတာနှင့်ကွဲ”

$
0
0



ဘာသာတရားနှင့် ပတ်သက်၍ဖြစ်စေ၊ အခြားအခြားသော မကျေနပ်ချက်များ ကိန်းအောင်းတည်ရှိ နေကြလျှင် ဖြစ်စေ၊ အတ္တဆန်သူတို့၏ စိတ်သဘောထားမှာဖြစ်တည်နေသော “အိုင်းအမာကြီး” ကဲ့သို့ ထိမိလိုက်သည်နှင့် ပေါက်ကွဲတတ်ကြလေသည်။ ဖြစ်စဉ်တစ်ခုကို တင်ပြရလျှင်(9.11.2014) နေ့ ညနေ(၇)နာရီခန့်တွင် “ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်၊ ခိုင်ရွှေဝါလမ်း” မှာ ဖွင့်လှစ်ထားသော “အမေ့အိမ်ကျူရှင်-စာသင်ဝိုင်း”မှ ကျောင်းသူ မသန်းသန်းဝင်းကျော်နှင့် မယဉ်မျိုးသူ တို့နှစ်ယောက် စက်ဘီးတစ်စီးတွင် နှစ်ယောက်အတူစီး၍ ပြန်လာခဲ့ကြသည်။
တစ်နေရာအရောက်တွင် အမှတ်မထင် မကြည်သာဦး(ခ)ဆိုဖီယာဆိုသူမိန်းကလေးတစ်ယောက်ကို မိမိတို့ စီးလာသည့် စက်ဘီးဖြင့် တိုးမိသွားလေတော့သည်။ ပြဿနာကြီးကြီးမားမား မဖြစ်ဖူးကြသည့်အတွက် မိဘများ အဆူအပူခံရတော့မည့် အရေးကို တွေးကာ နှစ်ယောက်သား ထိုင်ငိုနေကြစဉ် လမ်းသွားရင်း တွေ့မြင်သွားသော ဒေါ်ဆွေဆွေဦး အမည်ရှိ အမျိုးသမီးကြီးတစ်ယောက်က သမီးတို့ရယ် ဘာမှဖြစ်သွားတာမှ မဟုတ်တာ သမီးတို့ မိဘတွေကို ခေါ်သွားပြီး အတိုက်ခံရတဲ့ ကလေးမကို အိမ်တိုင်ရာရောက် သွားပြီး တောင်းပန်လိုက်ရင် ပြီးသွားမှာပါ မငိုနဲ့ တိတ်တိတ် ဟု ပြောဆိုချော့မော့ပြီး နွယ်နီ ၃-လမ်းတွင် ကျင်းပပြုလုပ်နေသော နိဗ္ဗာန်ဈေးပွဲတော်သို့ သွားရောက်ကြည့်ရှုနေလိုက်သည်။
မကြာမီကာလတွင် ၁၃ ရပ်ကွက် သလ္လာဝတီ ၅ လမ်း အိမ်အမှတ် ၁၃၇၀ တွင်နေထိုင်သော မကြည်သာဦး(ခ) ဆိုဖီယာ(စက်ဘီးဖြင့်အတိုးခံရသူ)၏ ယောက္ခမ ဦးအောင်နိုင်ဦး(ခ)နိုင်ဦး (အစ္စလာမ် ဘာသာဝင်)၏ တပည့်များ က ဒေါ်ဆွေဆွေဦးရှိရာသို့ လိုက်လာခဲ့ပြီး “ခင်ဗျားက ဘာ လူတွင်ကျယ်လုပ်တာလဲ၊ ခင်ဗျားက လူမိုက်လာ လုပ်တာလား” ဟု ရန်စကားပြောကြသဖြင့် ဒေါ်ဆွေဆွေဦးက “ဟဲ့-ကလေးတွေ နင်တို့ မိုက်ရိုင်းလှချည်လား၊ ငါမွေးရင်ငါ့သားလောက်ပဲရှိတယ်” စသည်ဖြင့် ပြောကြားရင်း အချင်းဖြစ်ပွားကြ လေသည်။
ဒေါ်ဆွေဆွေဦးသည် ဘာသာတရားနှင့် ပရဟိတစိတ်ထားရှိသူပီပီ မိမိကြောင့် ဘာသာရေးနိဗ္ဗာန်ဈေးပွဲ ပျက်သွားမည်ကို မလိုလားသဖြင့် ဖြစ်စဉ်ကို သည်းခံကာ ပြန်လာခဲ့သော်လည်း ဆိုဖီယာ၏ ယောက္ခမ ဒေါ်ပြုံးရီက ဒေါ်ဆွေဆွေဦးကို ကိုယ်ထိလက်ရောက်(ပါးရိုက်)စော်ကားလိုက်သဖြင့် သည်းခံမှု အတိုင်းအတာ ထက် လွန်ကဲလာသောကြောင့် ပြန်လည်နပန်းလုံးလိုက်သည်။
မိန်းမချင်း လုံးထွေးနေကြစဉ် ဦးအောင်နိုင်ဦး(နိုင်ဦး)က “မိန်းမချင်းချတာ ဘယ်သူမှ မပါကြနဲ့” ဟုပြောရင်း မိမိ၏ မိန်းမရှုံးနိမ့်မည့်လက္ခဏာကို မြင်တွေ့ရသောအခါ “ဒီကောင်မကို အသေသတ်၊ အသေသတ်” ဟု ဟစ်အော်လိုက်သောကြောင့် သား ချွေးမနှင့် နောက်ပါတပည့်များက ဒေါ်ဆွေဆွေဦးကို ဝိုင်းဝန်း ရိုက်နှက် ကြလေသည်။
အဆိုပါ မဖြစ်စလောက်သောကိစ္စကို သုံးသပ်ကြည့်လျှင် “ဒေါ်ဆွေဆွေဦး” က ကျောင်းသားလူငယ်ချင်း ပြဿနာမဖြစ်အောင် ဖျန်ဖြေပေးသည်မှာ လူတွင်ကျယ်လုပ်ခြင်းမဟုတ်သလို လူမိုက်လုပ်ခြင်းလည်း မဟုတ်ပါ။ သို့သော်လည်း ဘာသာမတူလျှင် ရန်မူတတ်သော ၄င်းတို့၏ ထုံးစံအတိုင်း အစ္စလာမ်ဘာသာဝင်ကို မထိနဲ့ ဆိုသည့်သဘောဖြင့် “ပေါက်ကွဲလုနီးသော အိုင်းအမာကြီးကို” တမင် သက်သက် ဖောက်ခွဲလိုက်ကြောင်း ထင်ရှားပါသည်။ ထို့ကြောင့်……….
ဒေါ်ဆွေဆွေဦးမှာ ဦးခေါင်နှင့် ကျောပြင်တို့တွင် ဒဏ်ရာပြင်းထန်စွာ ရရှိကာ ရန်ကုန်ဆေးရုံကြီးသို့ သွားရောက် ဆေးကုသခံနေရပြီး ယင်းကိစ္စနှင့်ပတ်သက်၍ “သာကေတအမှတ်(၂)ရဲစခန်းတွင် အရိုက်ခံရသူ ဒေါ်ဆွေဆွေဦး က အမှုဖွင့်ထားကြောင်း သိရှိရပါသည်။” “အိမ်ငှားက အိမ်ရှင်ကို စော်ကားလာသဖြင့် ဘုရားစိတ်မျိုးကို မွေးရမည်လား၊ ဘုရားအလောင်းစိတ်မျိုးကိုပဲ မွေးရတော့မည်လား” ဟု အံကြိတ်၍ စဉ်းစားမိရပါကြောင်း။
ကိုသီဟ(မြစ်ကြီးနား)
စုံစမ်းရန်
အကြီးကောင်(ကူညီသူ)09.798171965
(သာကေတအမှတ်-၂ရဲစခန်း 01.547253 သို့(ပ)နံပါတ်နှင့် ပုဒ်မ မေးသော်လည်း ဖြေကြားခွင့်မရှိဟုဆိုကာ ဖုန်းချသွားပါသည်။ 17.11.2014 မွန်းလွဲ 2:38 မှာ ဆက်သွယ်မေးမြန်းရာ (၂)မိနစ် (၁၇)စက္ကန့်ကြာ စကားပြောလိုက်ရသော်လည်း ဖုန်းပြောသူ ၂ ယောက်လုံးက ငြင်းပယ်ကြခြင်းဖြစ်ပါသည်။)

Viewing all articles
Browse latest Browse all 2129

Trending Articles