15.11.2014 ညနေ 5:00 မန်းမဘသရုံးစိုက်ရာ ကင်းဝန်မင်းကြီးတိုက်၊ အကျော်ကျောင်းမှာ ကျင်းပတာ ဖြစ်ပါတယ်။
အတွင်းရေးမှူးချုပ်ဆရာတော်ကြီးနှင့် ဒုတိယအတွင်းရေးမှူးချုပ်ဆရာတော်ဘုရားတို့ အပါအဝင် အမရပူရ မဘသ၊ ရေနံချောင်း မဘသ ဆရာတော်များလည်း တက်ရောက်ကြပါတယ်။
ဧည့်သည်တော်အဖြစ် ဘာသာရေးစာရေးဆရာ ပန်းဒကာကိုတင်မြင့် တက်ရောက်ခဲ့ပါတယ်။
NLD ပါတီ ဗဟိုပြန်ကြားရေးအရာရှိ စာရေးဆရာ ထင်လင်းဦး၏ ဗုဒ္ဓသာသနာအပေါ် ရိုင်းစိုင်းယုတ်မာစွာ စော်ကားထားသည့်ကိစ္စ၊ ရေနံချောင်းမဘသ နှစ်ပတ်လည် အခမ်းအနားကိစ္စ၊ မစ္စတာဘန်ကီမွန်း ပြောကြားခဲ့သည့် ခိုးဝင်ဘင်္ဂလီများကိစ္စ စတဲ့ အမျိုး ဘာသာ သာသနာအရေးများ ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။