အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်) မန္တလေးတိုင်းဒေသကြီး ကြေညာချက် အမှတ်(၁၅/၂၀၁၄)
ရက်စွဲ။ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်
၁။ (၁၂-၁၁-၂၀၁၄) ရက်နေ့က ထုတ်ပြန်ခဲ့သော အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ ထုတ်ပြန်ကြေညာချက်ကို အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်)၊ မန္တလေးတိုင်းဒေသကြီးမှ အပြည့်အဝ ထောက်ခံလိုက်သည်။
၂။ (က) နိုင်ငံတကာအသိုက်အဝန်းက လူနည်းစုဟု ထင်မှတ်နေကြသော ခိုးဝင်ဘင်္ဂါလီများသည် မူရင်းဒေသခံ ရခိုင်တိုင်းရင်းသားများထက် ၉၄ ရာခိုင်နှုန်း သာလွန်နေသောကြောင့် လူနည်းစု မဟုတ်ကြောင်း ထင်ရှားပြီး ဖြစ်သည်။
(ဃ) ကမ္ဘာ့ကုလသမဂ္ဂ၏ လူနည်းစုအခွင့်အရေး စံနှုန်းများအရ ဦးစားပေး ပြောဆိုမည်ဆိုပါလျှင် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော မြို့များရှိ မူရင်းဒေသခံလူနည်းစု ရခိုင်တိုင်းရင်းသားများအရေးကိုသာ ဦးစားပေး ပြောဆိုရမည်ဖြစ်သည်။
(ဂ) မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် နိုင်ငံတော်လုံခြုံရေးကို ပြည်ထောင်စုဖွား တိုင်းရင်းသူ၊ တိုင်းရင်းသားများသည်သာ စီမံပိုင်ခွင့်ရှိသည်။ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် မည်သည့်နိုင်ငံများကမှ မြန်မာနိုင်ငံ ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖင်ခွင့်မရှိ။
၃။ ထို့ကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏ အချုပ်အခြာ အာဏာကို ထိခိုက်သော၊ တည်ငြိမ် အေးချမ်းရေးနှင့် ချစ်ကြည်ရင်းနှီးမှုကို ပျက်ပြားစေသော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏(၁၂.၁၁.၂၀၁၄) ရက်စွဲပါ ပြောကြားချက်ကို အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေး အဖွဲ့(အထက်မြန်မာပြည်) မန္တလေးတိုင်းဒေသကြီးက ပြင်းထန်စွာ ရှုတ်ချလိုက်သည်။
ဘဒ္ဒန္တပညာသာမိ
ဒုတိယအတွင်းရေးမှူးချုပ်
ဘဒ္ဒန္တဣန္ဒာစက္ကာဘိဝံသ
ဦးဆောင်ဆရာတော်
ဘဒ္ဒန္တယသ
ဌာနမှူး၊ ပြန်ကြားရေးဌာန