13.11.2014 ရက်နေ့ ည 8:00 မန္တလေးတိုင်း မြင်းခြံမြို့ ကိုးဆောင်ကျောင်းတိုက်၊ အတုလမာန်အောင်ဈေးကြီး ဓမ္မာရုံ၊ မြင်းခြံ မဘသ ဖွဲ့စည်းခြင်းနှင့် သြဝါဒခံယူပွဲ အခမ်းအနားအကြို ဓမ္မသဘင်မှာ ဟောကြားသည်။
မြင်းခြံမဘသ ဦးဆောင်ဆရာတော် ဦးဇာဂရနှင့် ဦးနန္ဒိယ တို့ ဦးစီးသည့် ပွဲဖြစ်သည်။ အိုးဘိုတက္ကသိုလ်မှာ အတူနေခဲ့ဖူးသည့် ဒေါက်တာဝင့်သူလည်း လာရောက်တွေ့ဆုံ အားပေး၏။
ဒေသနှင့်လိုက်ဖက်သည့် တရားခေါင်းစဉ် ရှာမရဖြစ်နေရာ ကိုနေလင်းက စာရေးသူအပေါ် အမြင်စောင်းနေသူ များအား ဖြေရှင်းပြရသည်မှာ အလုပ်တစ်ခုလို ဖြစ်နေကြောင်း လျှောက်ထားသောကြောင့် စာရေးဆရာ ဦးဘုန်း(ဓာတု)၏ အဇာတသတ်အတွေးအခေါ် ဝတ္ထုတိုလေးကို ပြန်လည်ဖြေရှင်းရာ “အားကိုးရသူနှင့် ချစ်ရသူ” တရားလေးကိုပင် ထပ်မံဟောကြားခဲ့ပေသည်။
တရားပွဲသုံးပွဲတိုက်ဆိုင်နေခြင်း၊ ဘုရားပွဲဇာတ်သဘင် ကရှိနေခြင်းတို့ကြောင့် ထင်သလောက် မစည်ခြင်းနှင့် ပတ်သက်၍ ဦးဆောင်ဆရာတော် ဦးဇာဂရ မထေရ်က တောင်းပန်ရှာလေသည်။
ကိုနေလင်းကတော့ သဘောကျသွားပုံရ၏။
“ကောင်းလိုက်တာဘုရား ဒီလိုတရားမျိုး တစ်နိုင်ငံလုံး ပတ်ပြီး ဟောပေးပါဘုရား” ဟု လျှောက်လေ၏။
“အားကိုးရသူနှင့် ချစ်ရသူတရားတော်”
အားကိုးရသူနှင့် ချစ်ရသူ။
မေတ္တာအတူ ထားသင့်ယူ။
ချစ်ရသူက အားမကိုးရ။
အားကိုးရသူပဲ ချစ်ကြရ။
ချစ်ရသူက အားကိုးရရင်၊
လောကသားတို့ ပြုံးပျော်ရွှင်။
ချစ်ရသူဆိုတာ ချစ်သူပဲ၊
အားမကိုးရလဲ ချစ်နေမြဲ။