Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဘကြီးတော်ဘုရား မွေးနေ့ပွဲ”

$
0
0


11.11.2014 ရက်နေ့ မနက် 5:00 မှာ ကျောက်ဆည်မြို့၊ ရွှေလှံထောင်ကျောင်းသို့ ရောက်ရှိခဲ့ပါတယ်။
ရွှေလှံထောင်တောင်ခြေရှိ သောကြာကြယ် ပညာရေးပရဟိတကျောင်းကိုရောက်ပါတယ်။ အလယ်တန်း အထက်တန်း ကျောင်းသားကျောင်းသူလေးများ စုပေါင်း ဘုရားဝတ်တက်နေတာတွေ့ရပါတယ်။ စိတ်ချမ်းသာစ ရာပါ။ သောကြာကြယ်ပညာရေးဖောင်ဒေးရှင်းမှာ ကျောင်းအိပ်ကျောင်းစား အမြဲနေ ကျောင်းသား/သူ နှစ်ရာနီးပါးရှိပြီး အိမ်မှ ကျောင်းလာတက်သူများနှင့်ဆိုလျှင် သုံးရာကျော်ရှိကြောင်း သိရပါတယ်။ ဦးဆောင်သူကတော့ သူငယ်ချင်း ဦးသီဟနှင့် တပည့်အရှင်ဝီရတေဇောတို့ ဖြစ်ပါတယ်။
ငယ်ဆရာရင်းလည်းဖြစ်၊ အမေကြီး၏ မောင်အရင်းလည်းဖြစ်တဲ့ ရွှေလှံထောင်ဆရာတော်ဘုရားကြီးရဲ့  သက်တော် ၈၇ နှစ်ပြည့် မွေးနေ့မှာပွဲ ပင့်သံဃာ ၈၇ ပါးကို သင်္ကန်း ထီး ဖိနပ် စောင် နဝကမ္မ စတာတွေကို စာရေးတံမဲဖောက်ပြီး လှူဒါန်းပါတယ်။
ဘကြီးတော်ဘုရားကတော့ လှူဒါန်းမှု အစုစုကိုကြည့်ရှုပြီး စိတ်ချမ်းသာနေပုံရပါတယ်။ ပျော်တစ်ပြုံးပြုံး မော်မဆုံး ဖြစ်နေတာ ဖူးတွေ့ရလို့ပါ။


Viewing all articles
Browse latest Browse all 2129

Trending Articles


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး