11.11.2014 ရက်နေ့ မွန်းလွဲ 1:00 လားရှိုးမြို့၊ သာသနာ့ဗိမာန်တော်ကြီးမှာ ရှမ်း/မြောက် ပြည်နယ် မဘသ ညီလာခံကြီးကျင်းပခဲ့ပါတယ်။
လားရှိုးမြို့ အထင်ကရဆရာတော်ကြီးများ၊ မဘသ(ဗဟို) ဆရာတော်ကြီးနှင့် မန္တလေး၊ ပခုက္ကူ မဘသ အဖွဲ့များ၊ ရှမ်းပြည်မြောက်ပိုင်း မဘသအဖွဲ့များ လားရှိုးမြို့သူမြို့သားများ တက်ရောက်ကြပါတယ်။
လားရှိုးမြို့သူ/သားတွေ ကံကောင်းကြပါတယ်။ မြန်မာတစ်ပြည်လုံးက အကျော်အမော် ဆရာတော်ကြီးများထံမှ သြဝါဒများကို တစ်ပွေ့တစ်ပိုက်ကြီး အရယူနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။
ဒုက္ခသည်မိသားစု ၈ စုအား ဦးဝီရသူ လှူဒါန်းသော အကူအညီ(၈)သိန်းကျပ် ပေးအပ်ပွဲအပါအဝင် အစီစဉ်(၁၈)ရပ်နှင့် ကျင်းပတာကြောင့် ညနေ 6:00 နာရီကျော်မှပဲ ပြီးဆုံးခဲ့ပါတယ်။
ညီလာခံကြီးပြီးသွားပေမယ့် ညီလာခံအောင်ပွဲအဖြစ် တရားပွဲများ၊ ဟောပြောပွဲများ ဆက်တိုက်ကျင်းပကြဦးမှာ ဖြစ်ကြောင်းပါ။
မစိုးရိမ်အရှင်ဣန္ဒာစက္ကာဘိဝံသ(12/13)ရက် နှစ်ည
ဟိတဓရဆရာတော်နှင့်ရှေ့နေဦးအေးပိုင်(14)ရက် တစ်ည
မြနန်းဆရာတော်နှင့်ဓမ္မစက္ကဦးမောင်မောင်(15)ရက် တစ်ည
မောင်သွေးချွန်၊ ဦးအောင်မြိုင်၊ ဒေါ်ပေါရွှေ (16)ရက် တစ်ည
စုံစမ်းရန်
082.30807(လားရှိုး မဘသ ရုံး)