Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ပြည်နယ်) ရှမ်း/မြောက်၏ ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်”

$
0
0


၁။ အမျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်။
၂။ ဓမ္မစကူးလ်သင်တန်းများ၊ ယဉ်ကျေးလိမ္မာသင်တန်းများကို တောရောမြို့ပါ တွင်ကျယ်စွာ ဆောင်ရွက်သွား မည်။
၃။ ရှမ်းမြောက်တစ်ခွင် တိုင်းရင်းသား ဗုဒ္ဓဘာသာ ဆင်းရဲသားများအား ကူညီထောက်ပံ့ရေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန် ဦးဆောင်သွားမည်။
၎။ လားရှိုးအရေးအခင်းဖြစ်စဉ်အတွင်း ပြစ်မှုကျူးလွန်ကြောင်း သက်သေခံမှတ်တမ်းမရှိပါဘဲလျက် တရားစွဲဆို ခံရပြီး အကျဉ်းကျနေသူ(၆)ဦးတို့ ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်း ထင်ထင်ရှားရှား ပေါ်ပေါက်စေရန် ပြည်ထောင်စု တရားသူကြီးချုပ်ထံသို့ တိုက်ရိုက်တင်ပြသွားမည်။
၅။ အမှန်တရားနှင့် ငြိမ်းချမ်းရေးအတွက် အမှန်တကယ် လုပ်ဆောင်နေသည့် မည်သည့်အဖွဲ့အစည်းများနှင့် မဆို လက်တွဲဆောင်ရွက်သွားမည်။
အထက်ဖော်ပြပါ လုပ်ငန်းစဉ် ၅ရပ်၊ ကြေညာချက် ၄ ချက်တို့ကို သာသနာနှစ်-၂၅၅၈ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၆ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ရက်၊(11.11.2014)၊ အင်္ဂါနေ့၊ နေ့လယ် ၁ နာရီအချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပအပ်သော(ပြည်နယ်)ရှမ်း/မြောက် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ နှစ်ပတ်လည်ညီလာခံကြီးက အတည်ပြုကြေညာလိုက်သည်။
အထွေထွေအတွင်းရေးမှူး
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့
(ပြည်နယ်) ရှမ်း/မြောက်၊ လားရှိုး

Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...