Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“လားရှိုးမြို့၊ ဒုတိယနေ့ မှတ်တမ်း”

$
0
0


8.11.2014 မွန်းလွဲ 2:00 မှာ ဘုရားဖူးသွားကြပါတယ်။ ရန်တိုင်းအောင်ဘုရားပါ။ ဘုရားဖူးပြီး အပြန်မှာ DVB ဌာနမှ သတင်းထောက်တစ်ယောက် ရောက်နေပါတယ်။
ရခိုင်အရေးအခင်းဖြစ်ပြီးနောက်ပိုင်း စာရေးသူသတင်းတွေကို DVB သတင်းဌာနမှ ထုတ်လွှင့်ခြင်း မရှိတော့ကြောင်း၊ အမျိုးသားရေးနှင့်လုံးဝ မပတ်သက်တဲ့ သွေးလှူပွဲလို ဒုက္ခသည်များ ငွေလှူပွဲလို သတင်းများတောင် မလွှင့်တော့လို့ သတင်းထောက်များ အပင်ပန်းခံပေးပို့ရကျိုး မနပ်ကြကြောင်း စာရေးသူက ပြောပြလိုက်ပါတယ်။
သူက 30.10.2014 မန္တလး ဆန္ဒပြပွဲ တုန်းက စာရေးသူတို့သတင်းလွှင့်ကြောင်းပြောပြပြီး၊ အင်တာဗျူး ခွင့်တောင်းပါတယ်။ စာရေးသူက ဖြေကြားရတာ အပန်းမကြီးပါဘူး။ လွှင့်တာ မလွှင့်တာ အသာထား ဖြေကြားရမှာ ဒို့တာဝန်ပဲ ပြောကြားကာ ဖြေကြားပေးလိုက်ပါတယ်။ အမျိုးစောင့်ဥပဒေနှင့် ပတ်သက်တာတွေပဲ မေးတာပါ။
အမျိုးစောင့်ဥပဒှေင့် ပတ်သက်လို့ လူ့အခွင့်အရေးနှင့် မညီဘူးဆိုသူတွေ၊ ဒီမိုကရေစီနှင့် မညီဘူးဆိုသူတွေကို ဖိတ်ခေါ်လိုက်ပါတယ်။ တရားဥပဒေစိုးမိုးရေးကို ဘယ်လောက်အထောက်အကူပြုတယ်။ ငြိမ်းချမ်းရေးအတွက် ဘယ်လောက်အကျိုးပြုတယ် ဆိုတာတွေကို အာမခံချက်ပေးတဲ့အနေနဲ့ ဖြေကြားခဲ့တာပါ။
လားရှိုးမှာ အင်တာနက်လိုင်းမကောင်းလို့ အလုပ်မဖြစ်ပါ။ ဓာတ်ပုံတစ်ပုံတောင် တင်ပို့လို့မရပါ။ ခါတိုင်းလို မဟုတ်တော့လို့ လားရှိုးသတင်း ခါးဆက်ပြတ်နေခဲ့ပါတယ်။ စာနယ်ဇင်းသမားတွေကို မေးကြည့်မှ လားရှိုးမြို့ရဲ့ လျှိုဝှက်ချက်ကို တွေ့ရှိပါတော့တယ်။ လားရှိုးမြို့မှာ လွတ်လပ်ရေးကျောက်တိုင်းနေရာ တစ်ခုတည်းမှာပဲ လိုင်းကောင်းကြောင်း၊ သူတို့လည်း အဲဒီနေရာမှာပဲ သွားတင်ရကြောင်း ပြောကြတာပါ။ လွတ်လပ်ရေး ကျောက်တိုင်က တရားပွဲနှင့်နီးတာကြောင့် ပိုပြီး အဆင်ပြေသွားပါတယ်။
ဒုတိယည ဓမ္မသဘင်မှာတော့ ဖန္ဒနဇာတ်တော်လာ ကြို့ပင်လည်းတုံး ဝံလည်းဆုံး တရားတော်ကို ဟောကြားခဲ့တာပါ။
ကိုယ်တိုင်လည်း အန္တရာယ်ကင်း အမျိုးဘာသာ သာသနာလည်း လုံခြုံစေနိုင်မည့် ကာကွယ်ရေးနည်းလမ်းကို သာ ကျင့်သုံးကြဖို့ ရည်ရွယ်ဟောကြားခဲ့တာပါ။
ခိုက်ရန်ပျိုးခဲ့ ရန်ငြိုးဖွဲ့ ကျိုးပဲ့ပျက်စီးမည်။
ကြို့ပင်လည်းတုံး ဝံလည်းဆုံး အရှုံးတွေကိုယ်စီ။
ဒိုင်အစားခံရမည့် နည်းလမ်းများကို ရှောင်ကြဉ်ကြဖို့ ဟောကြားခဲ့ခြင်းပဲ ဖြစ်ပါတယ်။
 


Viewing all articles
Browse latest Browse all 2129

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


မနောမယအိမ်ခြံမြေရောင်းနည်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း