Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ပြည်သူ့အစေခံ အဖြေမှန်ရေး(၁၁)”

$
0
0


(ဤကဏ္ဍတွင် ဆယ်အိမ်ခေါင်းမှ သမ္မတအထိ မြို့နယ်ဥပဒေအရာရှိမှ တရားဥပဒေအရာရှိချုပ်အထိ။ မြို့နယ်တရားသူကြီးမှ တရားသူကြီးချုပ်အထိ အဆင့်ဆင့်သော ပြည်သူ့အစေခံ ဝန်ထမ်းများ၏ မတရားမှုများ ကို အဆက်မပြတ် တင်ပြသွားပါမည်။
အမှန်တကယ် နစ်နာသူများ၊ တရားဥပဒေစိုးမိုးလိုသူများ၊ အမှန်တရားကို မြတ်နိုးသူများက သတင်းများ၊ တိုင်ကြားစာများ၊ ရင်ဖွင့်စာများ ပေးပို့နိုင်ပါသည်။
အမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်၊ ဖုန်းနံပါတ်တို့ ပူးတွဲ ပေးပို့ရပါမည်။
ငွေကြေးတစ်ပြားတလေမျှ ပေးစရာမလိုသလို၊ အဆင်ပြေအောင်မြင်သွားလျှင်လည်း ကျေးဇူးတင်စကားတောင် ပြောစရာမလိုပါ။
မမှန်ကန်ခြင်း၊ မပြည့်စုံခြင်း၊ လုပ်ကြံရေးသားခြင်းတို့အတွက် ကာယကံရှင်နှင့် ပေးပို့သူတို့ကသာ တာဝန်ယူ ဖြေရှင်းရမည် ဖြစ်ပါသည်။)

သို့
နိုင်ငံတော်သမ္မတကြီး
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး
ပြည်ထောင်စုလွှတ်တော်တရားသူကြီးချုပ်
အကြောင်းအရာ။         ။ မန္တလေးမြို့ပေါ်တွင် စီးပွားဖြစ်လုပ်ကိုင်နေသော မသမာသူ ရှေ့နေများ၏ လုပ်ဆောင်မှုများကို ထိထိမိမိဟန့်တား၊ တားမြစ်၊ ဖယ်ရှား အရေးယူဖော်ထုတ်ပေးပါရန် အသိပေးတင်ပြခြင်း ကိစ္စ။
မန္တလေးမြို့ပေါ်တွင် စီးပွားဖြစ်လုပ်ကိုင်နေသော တရားလွှတ်တော်ရှေ့နေများဖြစ်ကြသော ဦးအောင်ကျော်ဦး စဉ်-၃၅၇၉၊ ဒေါ်နွယ်နွယ်စန်း စဉ်-၇၃၁၉၊ ဒေါ်ဆင့်ဆင့် စဉ်-၇၂၈၇၊ ပါသော အဖွဲ့အုပ်စုသည် ရှေ့နေတစ်ယောက်၏ လိုက်နာရမည့်စည်းကမ်းကျင့်ဝတ်တွေကို ဖောက်ဖျက်ပြီး စစ်ကိုင်းတိုင်းတရားသူကြီး ချုပ် ဦးစန်းကိုနှင့် ဦးစန်းကို၏ မယားငယ် မန္တလေးခရိုင်ရုံးတွင် ခုံစာရေးဖြစ်သူ မလွင်လွင်အေးတို့နှင့် ပူးပေါင်းကာ ပြည်ထောင်စုလွှတ်တော်ချုပ်ရုံး၊ ခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံး အသီးသီးသို့ ဝင်ထွက်ပြီး တရားလွှတ်တော်ချုပ် တရားသူကြီးများ(NPT)နှင့် ချိတ်ဆက်ပြီး အမှုပွဲစားလုပ်ကာ ဆောင်ရွက်နေပါကြောင်း နှင့် တရားစီရင်ရေးတွင် အမှတ်တရားများ ပျောက်ကွယ်နေရခြင်းနှင့်အတူ မှန်ကန်ပြီး နစ်နာတဲ့ အမှုသည်ပြည်သူများလည်း စိုးရိမ်သောကဖြစ်ပြီး စိတ်ဆင်းရဲဒုက္ခများစွာ ကြုံတွေ့ခံစားနေရပါသည်။ တရားရေးမဏ္ဍိုင်တိမ်းစောင်း၊ ယိမ်းယိုင်အောင်၊ ပြည်သူတို့ယုံကြည်မှုကင်းမဲ့အောင် ဆုံးဖြတ်ချက် အမိန့် ဒီဂရီများ လွဲမှားအောင် လုပ်ဆောင်နေသော ရှေ့နေ ဦးအောင်ကျော်ဦးနှင့်အဖွဲ့ကို စုံးစမ်းဖော်ထုတ် သင့်ပါကြောင်း တင်ပြအပ်ပါသည်။
ငါးခုံမတစ်ကောင်ကြောင့် တစ်လှေလုံး မပုတ်ပါစေနှင့်ဟု စကားပုံဆိုရိုးအရ၊ ထိုကဲ့သို့ လုပ်စားနေသော ရှေ့နေအုပ်စုကို ထိထိမိမိဖယ်ရှား အရေးယူသင့်ချိန် ရောက်နေပါကြောင်းနှင့် မန္တလေးမြို့ပေါ်တွင် အောက်ခြေထိ ကွင်းဆင်းစုံစမ်းမေးမြန်းလျှင် အဖြေမှန်ပေါ်ပေါက်ပါလိမ့်မည်ဟု တင်ပြအပ်ပါသည်။
ဘက်လိုက်မှုကင်းပြီး မှန်ကမန်တဲ့တရားဥပဒေကို
လိုက်နာလေးစားမြတ်နိုးသူ ကိုဖိုးသိ
(မန္တလေးတိုင်းဒေသကြီး)


Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...