Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ရွှေပန်းကုန်းရွာ တရားပွဲ”

$
0
0


1.11.2014 ည 8:00 စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းစံပြကျေးရွာ ကထိန်အလှူတော် မင်္ဂလာ အကြိုဓမ္မသဘင်မှာ ဟောကြားသည်။
ကထိန်အလှူဒကာကြီး ဦးအောင်တင်ရှိန်+ကထိန်အလှူဒကာမကြီးဒေါ်သန်းတင့် မိသားစုတို့ ကျင်းပသော ဓမ္မသဘင်ဖြစ်ပြီး သီရိရတနာကျောင်းတိုက်မှာ ကျင်းပခြင်းဖြစ်သည်။
ဟန်လင်း၊ သဃါပ်တော၊ ဗိုလ်တဲကုန်းစသော ဝက်လက်မြို့နယ် မဘသ ဆရာတော်လေးများ ကြွရောက်အားပေးကြပြီး အမျိုး ဘာသာ သာသနာရေးရာများ တိုင်ပင်ဆွေးနွေးပြီးမှ တရားပွဲကျင်းပခြင်း ဖြစ်ပါသည်။
“အမျိုးစောင့်ဥပဒေ တရားတော်”
ဓားပြဘေးမှ ကင်းဝေးစေ အမျိုးစောင့်ဥပဒေ။
မာယာဘေးမှ ကင်းဝေးစေ အမျိုးစောင့်ဥပဒေ။
မုဆိုးဘေးမှ ကင်းဝေးစေ အမျိုးစောင့်ဥပဒေ။
ကိုယ်ယုံကြည်ရာ ကိုးကွယ်စေ အမျိုးစောင့်ဥပဒေ။
ကြိတ်ငိုမျက်ရည် ခမ်းခြောက်စေ အမျိုးစောင့်ဥပဒေ။
မယားပြိုင်ဒုက္ခ ကင်းကြစေ အမျိုးစောင့်ဥပဒေ။
အိမ်ထောင့်သစ္စာ ခိုင်မြဲစေ အမျိုးစောင့်ဥပဒေ။
အကြမ်းဖက်ဘေးမှ ဝေးကြစေ အမျိုးစောင့်ဥပဒေ။
အချုပ်အခြာ အာဏာတည်မြဲစေ အမျိုးစောင့်ဥပဒေ။
ဒီမိုကရေစီကို မထိခိုက်ပေ အမျိုးစောင့်ဥပဒေ။
လူ့အခွင့်အရေးနှင့် မဆန့်ကျင်ပေ အမျိုးစောင့်ဥပဒေ။
တရားဥပဒေစိုးမိုးရေးနှင့် ညီညွတ်ပေ အမျိုးစောင့်ဥပဒေ။
တည်ငြိမ်အေးချမ်းရေးကို ထောက်ပံ့ပေ အမျိုးစောင့်ဥပဒေ။
ငြိမ်းချမ်းရေးကို ရှေးရှုပေ အမျိုးစောင့်ဥပဒေ။
မရှိမဖြစ် လိုအပ်ပေ အမျိုးစောင့်ဥပဒေ။
မဖြစ်မနေ ဖော်ဆောင်စေ အမျိုးစောင့်ဥပဒေ။

 

















Viewing all articles
Browse latest Browse all 2129

Trending Articles