Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မေတ္တာထွဋ်ခေါင် တရားပွဲ”

$
0
0


3.11.2014 ည 8:00 မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ပန်းချီကျေးရွာအုပ်စု၊ ချောင်းခွကျေးရွာ၊(၁၄) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အကြိုဓမ္မသဘင်မှာ ဟောကြားခဲ့တာပါ။
မေတ္တာထွဋ်ခေါင် လူမှုရေးအသင်းက ကြီးမှူးကျင်းပတာဖြစ်ပါတယ်။ အမရပူရမြို့နယ် မဘသအဖွဲ့က စီစဉ်ညွှန်ကြားပေးတာဖြစ်ပါတယ်။
အမရပူရမြို့နယ် မဘသ နန်းဦးဆရာတော်၊ ဒုတ်ရဲဆရာတော်တို့ဟာ လူငယ်လူရွယ်လေးများကိုရော သံဃာတော်များကိုပါ ကျေးရွာအနှံ့ လိုက်လံစည်းရုံးနိုင်တဲ့ အဖွဲ့ဖြစ်ပါတယ်။
မန်း မဘသ အဖွဲ့ပြီးလျှင်တော့ အမရမဘသက လူငယ်ခြေတက်လေးတွေနှင့် ဖွဲ့စည်းထားတဲ့ ခြေစွာသည့် အသင်းလေးတစ်သင်းပေါ့။
30.10.2014 ရက်နေ့တုန်းက အမျိုးစောင့်ဥပဒေ တောင်းဆိုပွဲမှာ အမရ မဘသ ဦးဆောင်ပြီး သံဃာ ၁၀ လူ၄၀၀ ချီတက်နိုင်ခဲ့တာပါ။
မေတ္တာထွဋ်ခေါင်တရားပွဲမှာ အမျိုးစောင့်ဥပဒေတရားပဲ ဟောကြားဖြစ်ပါတယ်။
“အမျိုးစောင့်ဥပဒေ တရားတော်”
ဓားပြဘေးမှ ကင်းဝေးစေ အမျိုးစောင့်ဥပဒေ။
မာယာဘေးမှ ကင်းဝေးစေ အမျိုးစောင့်ဥပဒေ။
မုဆိုးဘေးမှ ကင်းဝေးစေ အမျိုးစောင့်ဥပဒေ။
ကိုယ်ယုံကြည်ရာ ကိုးကွယ်စေ အမျိုးစောင့်ဥပဒေ။
ကြိတ်ငိုမျက်ရည် ခမ်းခြောက်စေ အမျိုးစောင့်ဥပဒေ။
မယားပြိုင်ဒုက္ခ ကင်းကြစေ အမျိုးစောင့်ဥပဒေ။
အိမ်ထောင့်သစ္စာ ခိုင်မြဲစေ အမျိုးစောင့်ဥပဒေ။
အကြမ်းဖက်ဘေးမှ ဝေးကြစေ အမျိုးစောင့်ဥပဒေ။
အချုပ်အခြာ အာဏာတည်မြဲစေ အမျိုးစောင့်ဥပဒေ။
ဒီမိုကရေစီကို မထိခိုက်ပေ အမျိုးစောင့်ဥပဒေ။
လူ့အခွင့်အရေးနှင့် မဆန့်ကျင်ပေ အမျိုးစောင့်ဥပဒေ။
တရားဥပဒေစိုးမိုးရေးနှင့် ညီညွတ်ပေ အမျိုးစောင့်ဥပဒေ။
တည်ငြိမ်အေးချမ်းရေးကို ထောက်ပံ့ပေ အမျိုးစောင့်ဥပဒေ။
ငြိမ်းချမ်းရေးကို ရှေးရှုပေ အမျိုးစောင့်ဥပဒေ။
မရှိမဖြစ် လိုအပ်ပေ အမျိုးစောင့်ဥပဒေ။
မဖြစ်မနေ ဖော်ဆောင်စေ အမျိုးစောင့်ဥပဒေ။




Viewing all articles
Browse latest Browse all 2129

Trending Articles