Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဓမ္မပီယတရားပွဲ”

$
0
0


2.11.2014 ည 8:00 မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမှတ် ၄၄၊ ကဲဘာတန်းရပ်ကွက်၊ ဓမ္မပီယအရုဏ်ဆွမ်းကပ်အသင်း စတုတ္ထအကြိမ် အထူးဓမ္မသဘင်မှာ ဟောကြားသည်။
ဓမ္မပီယအမည်ကို မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီးက ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ သံဃာတော်များအား အရုဏ်ဆွမ်းကပ်လှူခဲ့သည်မှာ မင်းကွန်းဆရာတော်ဘုရားကြီး  သက်တော်ထင်ရှားရှိစဉ်ကတည်းကဖြစ်ပြီး၊ အထူးတရားပွဲကျင်းပသည်မှ ယခုနှစ်နှင့်ဆိုလျှင် လေးကြိမ်မြောက်ဖြစ်သည်။
အမျိုးစောင့်ဥပဒေ တရားတော်ဟောကြားခဲ့သည်။ အမျိုးစောင့်ဥပဒေအတွင်း အကျုံးဝင်သည့် ဥပဒေလေးရပ် လိုအပ်ရခြင်းအကြောင်းနှင့် ရရှိနိုင်မည့် အကျိုးတရားကို ဟောကြားကာ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးတို့အတွက် အကောင်းဆုံး အပြည့်စုံဆုံး အထောက်အကူပြုမည့် ဥပဒေ ဖြစ်ကြောင်း အကျယ်တဝင့်ဟောကြားခဲ့ခြင်းဖြစ်သည်။
“အမျိုးစောင့်ဥပဒေ တရားတော်”
ဓားပြဘေးမှ ကင်းဝေးစေ အမျိုးစောင့်ဥပဒေ။
မာယာဘေးမှ ကင်းဝေးစေ အမျိုးစောင့်ဥပဒေ။
မုဆိုးဘေးမှ ကင်းဝေးစေ အမျိုးစောင့်ဥပဒေ။
ကိုယ်ယုံကြည်ရာ ကိုးကွယ်စေ အမျိုးစောင့်ဥပဒေ။
ကြိတ်ငိုမျက်ရည် ခမ်းခြောက်စေ အမျိုးစောင့်ဥပဒေ။
မယားပြိုင်ဒုက္ခ ကင်းကြစေ အမျိုးစောင့်ဥပဒေ။
အိမ်ထောင့်သစ္စာ ခိုင်မြဲစေ အမျိုးစောင့်ဥပဒေ။
အကြမ်းဖက်ဘေးမှ ဝေးကြစေ အမျိုးစောင့်ဥပဒေ။
အချုပ်အခြာ အာဏာတည်မြဲစေ အမျိုးစောင့်ဥပဒေ။
ဒီမိုကရေစီကို မထိခိုက်ပေ အမျိုးစောင့်ဥပဒေ။
လူ့အခွင့်အရေးနှင့် မဆန့်ကျင်ပေ အမျိုးစောင့်ဥပဒေ။
တရားဥပဒေစိုးမိုးရေးနှင့် ညီညွတ်ပေ အမျိုးစောင့်ဥပဒေ။
တည်ငြိမ်အေးချမ်းရေးကို ထောက်ပံ့ပေ အမျိုးစောင့်ဥပဒေ။
ငြိမ်းချမ်းရေးကို ရှေးရှုပေ အမျိုးစောင့်ဥပဒေ။
မရှိမဖြစ် လိုအပ်ပေ အမျိုးစောင့်ဥပဒေ။
မဖြစ်မနေ ဖော်ဆောင်စေ အမျိုးစောင့်ဥပဒေ။




Viewing all articles
Browse latest Browse all 2129

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ခရမ်းပြာ HD ဇာတ်ကားနှင့် နပ်စ်မ HD...


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း